UK Top 100 စာရင်းဝင် University of the West of England (Bristol) ၏ Scholarship program များနှင့် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီများတွင် အလုပ်သင်ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများအကြောင်း ပညာရေးဆွေးနွေးပွဲ
အချိန် – 11:00AM – 12:30 PM
နေ့ရက် – 3.3.2017 (Friday)
►►►◘◘◘◘◘◘◘ ►►►
◘◘ UWE Bristol ၏ ကမ္ဘာ့အဆင့်မြင့်ပညာရေးနှင့် internship အလုပ်သင်အခွင့်အလမ်းများ
ကျောင်းသားပေါင်း ၂၇, ၀၀၀ ကျော်တက်ရောက်လျက်ရှိသည့် UWE Bristol တက္ကသိုလ်ကြီးသည် undergraduate, postgraduate, professional နှင့် short course စသည့် program များမှ ဘာသာရပ်ပေါင်း ၆၀၀ ကျော်သင်ကြားပေးနေသည့် တက္ကသိုလ်ကြီးဖြစ်ပါသည်။
UWE Bristol အနေဖြင့် နာမည်ကြီးကုမ္ပဏီကြီးများဖြစ်သည့် BBC, Microsoft, SIEMENS, HP နှင့် အခြားကုမ္ပဏီဲကြီးများ တို့နှင့်ချိတ်ဆက်ထားပြီး UWE Bristol တက္ကသိုလ်ကျောင်းသားကျောင်းသူများအနေဖြင့် ထိုကုမ္ပဏီများတွင် internships အလုပ်သင်များရရှိသွားမည်ဖြစ်သည့်အတွက် graduate အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိနိုင်ပါသည်။
ထို့အပြင် UWE Bristol ၏ ကျောင်းဆရာများအနေဖြင့်လည်း research လုပ်ငန်းကြီးများတွင်ဝင်ရောက်လုပ်ကိုင်နေလျက်ရှိပြီး UWE Bristol တွင်လည်း ပညာရေးအထောက်ကူဖြစ်စေမည့် ကျောင်းဆောင်များ၊ စက်ပစ္စည်းကိရိယာများ £200 million ချီရင်းနှီးမြုပ်နှံထားပါသည်။
• UK နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ် ၁၀၀ စာရင်းဝင်ကျောင်းကြီးတစ်ကျောင်းဖြစ်သည့် University of the West of England Bristol တွင်တက်ရောက်နိုင်မည့် ပညာရေးအခွင့်အလမ်းများနှင့် ပညာရေးထောက်ပံ့ကြေးငွေများကို တက္ကသိုလ်၏ တိုက်ရိုက်တာဝန်ခံ Ms. Joy မှ တိုက်ရိုက်လာရောက် ဆွေးနွေးသွားမည်ဖြစ်ပါသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
◘► University of the West of England မှပေးအပ်သွားမည့် ပညာရေးထောက်ပံ့ကြေးငွေများ
• Undergraduate တက္ကသိုလ်ဘွဲ့တက်ရောက်မည့် ကျောင်းသားကျောင်းသူများအတွက် Academic Excellence Scholarship ပညာရေးထူးချွန်ထောက်ပံ့ကြေးငွေနှင့် Country-Specific Scholarship မြန်မာကျောင်းသားကျောင်းသူများကို ပညာသင်နှစ်တစ်နှစ်လုံးစာအတွက် ပေးအပ်မည့် ပညာရေးထောက်ပံ့ကြေးငွေ စသည်တို့ကို အသေးစိတ် ရှင်းလင်းပေးသွားမည်။
• Postgraduate တက်ရောက်လိုသောပညာရေးထူးချွန်သည့်မြန်မာကျောင်းသားကျောင်းသူများအတွက် Program အလိုက်ပညာရေးထောက်ပံ့ကြေးငွေများအပြင် Chancellor’s Scholarship, Millennium Scholarship, Justice Malek Ahmad Scholarship နှင့် Professor Arthur Lees Scholarship ဟူ၍ UWE Bristol မှပေးအပ်သွားမည် ဖြစ်ပါသည်။
(အဆိုပါ ပညာရေးထောက်ပံ့ကြေးဆုများသည် ၂၀၁၇ ခုနှစ်အတွင်း UWE Bristol တွင်သွားရောက်သင်ယူလိုသူများ အတွက်သာ ဖြစ်ပါသည်။)
◘► ဆွေးနွေးပွဲသို့ လာရောက်သင့်သူများ
– မိမိအနာဂတ်အတွက် နိုင်ငံတကာအတွေ့အကြုံရရှိလိုပြီး နိုင်ငံခြားတွင် ပညာသွားရောက်သင်ကြားလိုသော ၁၀ တန်း (သို့) IGCSE ဖြေဆိုအောင်မြင်ထားသူများ နှင့် အလုပ်အကိုင်အခွင့်အလမ်းကောင်း ရရှိလိုသော ဘွဲ့ရကျောင်းသားကျောင်းသူများ
– HND, abe, ICM, CIM နှင့် အခြား UK ဆိုင်ရာ ပညာရေးလက်မှတ်ရရှိထားသော ကျောင်းသားကျောင်းသူများအနေဖြင့် နိုင်ငံခြားတွင်ဆက်လက်တက်ရောက်လိုသူများ
– နိုင်ငံခြားတွင် သွားရောက်ပညာသင်ယူရန် IELTS/TOEFL ပြင်ဆင်နေသော ကျောင်းသားကျောင်းသူများ
– နိုင်ငံခြားသို့ သွားရောက်ပညာသင်စေလိုသော ကျောင်းသားမိဘများပါ လာရောက်ဆွေးနွေးနိုင်ပါသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
►►►စာရင်းပေးသွင်းရန်
09 543 8848, 09 514 8848 ,09 542 8848 သို့ဆက်သွယ်စာရင်းသွင်းနိုင်ပါသည်။
နေရာ – အမှတ် ၄၇/၄၈ ၊ MMC City Campus ၊ ၄ လွှာ ၊ ဗဟိုစည်အိမ်ရာ ၊ လမ်းမတော်မြို့နယ် တွင်လာရောက် မေးမြန်းစုံစမ်းနိုင်ပါသည်။