► Global Peace Index (2019) အရ ကမ္ဘာပေါ်မှာ နေထိုင်လို့အကောင်းဆုံးနိုင်ငံများအဖြစ်
New Zealand နိုင်ငံဟာ နံပါတ်(2) နှင့်
Australia နိုင်ငံဟာ နံပါတ် (4) တို့အဖြစ် ဖော်ပြခြင်းခံထားရတဲ့အပြင်
Ranking မြင့်မားသော ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များဟာလည်း တည်ရှိနေခြင်းကြောင့်
ကျောင်းသားအများစုဟာ Australiaနှင့် New Zealand နိုင်ငံတို့မှာလည်းသွားရောက်ပညာသင်ယူလျက်ရှိပါတယ်။
► ဒါ့ကြောင့် Australia နှင့် New Zealand နိုင်ငံတို့ရှိ Ranking မြင့်မားသောတက္ကသိုလ်များမှာသွားရောက်ပညာသင်ယူချင်သော မြန်မာကျောင်းသားလူငယ်များအတွက် SR Worldwide Education မှ Top Ranked University သုံးခုကိုမျှဝေပေးလိုက်ပါတယ်။
◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙
University of Sydney
► နှစ်ပေါင်း(160)ကျော်ကြာမြင့်ပြီဖြစ်တဲ့ University of Sydney ဟာ QS World Ranking 2020 စာရင်းမှတ်တမ်းများအရ ကမ္ဘ္ဘာ့ထိပ်တန်းတက္ကသိုလ်(50) စာရင်းဝင် တက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့အပြင်
သြစတြေးလျနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်များစာရင်းမှာ နံပါတ် (3)အဖြစ်ရပ်တည်လ ျှက်ရှိပါတယ်။
► ဘွဲ့ရပြီးအလုပ်အကိုင်ရရှိမှုအမြင့်ဆုံးစာရင်းမှာလည်း နံပါတ်တစ်အဖြစ်သတ်မှတ်ခြင်းခံထားရတဲ့အပြင် ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းတက္ကသိုလ်သင်ရိုးညွှန်းတမ်း (၂၀) မှာ University of Sydney ရဲ့ သင်ရိုးညွှန်းတမ်း (၉) ခုပါဝင်ပါတယ်။ ဒါ့အပြင် Medicine Subject, English Language နှင့် Architecture ဘာသာရပ်တို့ဟာလည်း သြစတြေးလျနိုင်ငံတွင် အကောင်းဆုံးအဖြစ် သက်မှတ်ခံထားရပြီး Law, Geography, Pharmacy စတဲ့ဘာသာရပ်များဟာလည်း ဒုတိယ အကောင်းဆုံးအဖြစ် သက်မှတ်ခြင်းခံထားရပါတယ်။
► ဒါ့ကြောင့် University of Sydney တွင် နိုင်ငံပေါင်း 130 မှ ကျောင်းသားပေါင်း 60,000 ကျော်လာရောက်ပညာသင်ကြားလ ျှက်ရှိပါတယ်။
◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙
University of Auckland
►1883 ခုနှစ်ကတည်းကစတင်တည်ထောင်ခဲ့သော University of Auckland ဟာ ကမ္ဘ္ဘာ့ထိပ်တန်းတက္ကသိုလ် (100) စာရင်းဝင်ဖြစ်တဲ့အပြင် New Zealand နိုင်ငံရဲ့ နံပါတ်တစ် အကောင်းဆုံးထိပ်တန်းတက္ကသိုလ်အဖြစ် ရပ်တည်လျက်ရှိနေပါတယ်။
►ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းတက္ကသိုလ်သင်ရိုးညွှန်းတမ်း (၅၀) မှာ University of Aucklandရဲ့ဘာသာရပ်မေဂျာ (၁၃) ခုပါဝင်ပြီး QS Graduate Employability Rankings (2019)အရ #1 in New Zealand and #71 worldwide တို့အဖြစ်အသိအမှတ်ပြုခြင်းခံထားရပါတယ်။
◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙
University of Waikato
► 1964 ခုနှစ်ကတည်းကစတင်တည်ထောင်ခဲ့တဲ့ University of Waikato ဟာ
◙ Business and Management Studies, Hospitality & Leisure Management
◙ Engineering,
◙ Computer Science and Information Systems
◙ Law အစရှိတဲ့ ဘာသာရပ်တွေမှာ subject ranking မြင့်မားပြီး
ကျောင်းပြီးအလုပ်အကိုင်ရရှိမှုနှုန်း၊ သင်ကြားရေး၊ ကျောင်းရဲ့ facilities အစရှိသည်တို့အပေါ်တိုင်းတာသည့် QS Stars 2016 အရ Five Star Rating ရရှိထားတဲ့ တက္ကသိုလ်တစ်ခုလည်းဖြစ်ပါတယ်။
ဒါ့အပြင် Waikato Management School ဟာ ကမ္ဘာပေါ်ရှိ Business School များအားလုံးတွင် 1% လောက်သာရရှိသည့် Triple Crown (AACSB, EQUIS, AMBA) Accreditation ရရှိထားတာဖြစ်သလို သက်ဆိုင်ရာဘာသာရပ်တွေအတွက်လည်း ဂုဏ်သိက္ခာမြင့်မားတဲ့ အဖွဲ့အစည်းအသီးသီးရဲ့ အသိအမှတ်ပြုခြင်း ခံထားရတာဖြစ်ပါတယ်။
◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙ ◙
► University Sydney အပါအဝင် Australia နှင့် New Zealand နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များတွင် သွားရောက်ပညာသင်ယူလိုသူများအနေဖြင့်
တက်ရောက်သင်ယူနိုင်မယ့်ဘာသာရပ်အသေးစိတ်၊
ကျောင်းကြာမြင့်ချိန်၊ ကျောင်းကုန်ကျစရိတ်များ၊
ကျောင်းဝင်ခွင့်အတွက်ပြင်ဆင်ထားရမယ့်အချက်များအပြင်
တစ်ဦးချင်းစီရဲ့ပညာရေးနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက
နိုင်ငံတကာပညာရေးနှင့်ပတ်သက်ပြီး အတွေ့အကြုံများပြားသော SR Worldwide Education မှ Education Consultant များနှင့် ဖုန်းဖြင့်ဆက်သွယ်၍ဖြစ်စေ၊ message box မှဖြစ်စေ အသေးစိတ်တိုင်ပင်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။
►► Phone : 09 542 8848, 09 514 8848
►► SR Worldwide Education (Head Office)
Room No. 1102, Office Tower 3, Times City Complex, between HanTharWaddy and KyunTaw Road (Opposite Side of Junction Square), Kamayut Township, Yangon.