►► STEM Education ဆိုတာဘာလဲ ? ဘာကြောင့် US မှာ Engineering, IT, Computer Science ဘွဲ့ရတွေဟာ အခြားဘာသာရပ်ဘွဲ့ရတွေထက် အခွင့်အလမ်းပိုများတာလဲ ??
► ယနေ့ ကမ္ဘာကြီးဟာ နည်းပညာတိုးတက်မှု့တွေကြောင့် (၁၈) ရာစု စက်မှု့တော်လှန်ရေးတွေမှစပြီး…. ယနေ့ခေတ်အချိန်အထိ အလျှင်အမြန် တိုးတက်ပြောင်းလဲလာပါတယ်။ ဒီလို တိုးတက်မှု့ကို အဓိကတွန်းအားပေးနေတာကတော့ နည်းပညာတိုးတက်ပြောင်းလဲမှု့တွေပဲဖြစ်ပါတယ်။ လူတွေရဲ့ နေထိုင် စားသောက်မှု့ပုံစံများလဲတိုးတက်ပြောင်းလဲလာပြီး အဲ့ဒီကတစ်ဆင့် နည်းပညာ တိုးတက်ပြောင်းလဲမှု့တွေကို အထောက်အပံ့ဖြစ်စေမယ့် ပညာရပ်ဝန်းတွေဟာလည်း ပေါ်ထွန်းလာရပါတယ်။ ဒီပညာရပ်တွေထဲမှာ STEM Education ဟာ ယနေ့လူငယ်တွေအတွက်အရေးကြီးတဲ့ အခန်းကဏ္ဍမှပါဝင်လာနေပါပြီ။
►► So… What is STEM Education?
► STEM Education ဆိုတာ Science, Technology, Engineering နှင့် Mathematics ပညာရပ်တွေ ပါဝင်တဲ့ ပညာရပ်အစုအဝေးတစ်ခုကို ဖော်ညွှန်းတာပဲ ဖြစ်ပါတယ်။ ဒီ STEM Education ကို လက်ရှိမှာ ဦးဆောင်နေတဲ့ နိုင်ငံကတော့ ယနေ့ကမ္ဘာ့နည်းပညာ၊ ပညာရေးနှင့် စီးပွားရေးတို့မှာ ထိပ်တန်းအဖြစ်ရပ်တည်လျှက်ရှိတဲ့ အမေရိကန်နိုင်ငံမှ ဖြစ်ပါတယ်။
► STEM Education ရဲ့ ရည်ရွယ်ချက်ကတော့ အဆင့်မြင့်တဲ့ နည်းပညာ အခြေခံ လုပ်ငန်းများနှင့် လုပ်ငန်းခွင်များအတွက် အရည်အချင်းပြည့်မှီတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို မွေးထုတ်ပေးနိုင်ဖို့ဖြစ်ပါတယ်။ ဒီ STEM ပညာရေးကို အမေရိကန်နိုင်ငံ NSF- National Science Foundation မှ ၂၀၀၁ ခုနှစ်မှ စတင်ဖော်ထုတ်ခဲ့တာ ဖြစ်ပြီး ယနေ့ကမ္ဘာပေါ်မှာ နိုင်ငံအများစုက အတုယူဖော်ဆောင်နေတဲ့ ပညာရေးပုံစံတစ်ခုလည်းဖြစ်ပါတယ်။
►► Why STEM Education is important?
►ယနေ့ခေတ် နိုင်ငံများနှင့်လူ့အဖွဲ့အစည်းတွေထဲမှာ သတင်းအချက်အလက်နှင့် နည်းပညာအဆင့်အတန်းမြင့်မားတဲ့နိုင်ငံတွေကသာ ချမ်းသာကြွယ်ဝပြီး ထိပ်တန်းမှဦးဆောင်နေတာကို မြင်တွေ့ရမှာပါ။ တစ်နည်းအားဖြင့် ထိုနိုင်ငံအများစုဟာ နည်းပညာ ဆန်းသစ်တီထွင်မှု့အပေါ် အားပေးတဲ့ ပညာရေးကိုပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ယနေ့ခေတ် နိုင်ငံတိုင်းလိုလိုမှာ နည်းပညာကို အခြေခံတဲ့ အထူးသဖြင့် STEM Education ကို အားပေးတဲ့ ပညာရေးစနစ်တွေကို ကျင့်သုံးလာကြတာပဲဖြစ်ပါတယ်။
►► STEM & Job Opportunities
► အမေရိကန်နိုင်ငံ၊ စီးပွားရေးဝန်ကြီးဌာနရဲ့အဆိုအရ STEM အပေါ်အခြေခံတဲ့ အလုပ်အကိုင်များဟာ လုပ်ခအမြင့်မားဆုံးနှင့် အကောင်းဆုံးဖြစ်ပြီး (21) ရာစုမှာ တိုးတက်လာမယ့် အလုပ်အကိုင် အခွင့်အလမ်းတွေထဲမှာ အလားအလာအရှိဆုံးလို့ခန့်မှန်းထားပါတယ်။ 2008 ကနေ 2018 အထိ STEM Education နှင့်မဆက်စပ်တဲ့ ပညာရေးပေါ်အခြေခံတဲ့ အလုပ်အကိုင်အခွင့်အလမ်းများရဲ့ တိုးတက်မှု့ဟာ 9.8% ပဲ ရှိပေမယ့် STEM Education နှင့်ဆက်စပ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းများကတော့ တစ်နှစ်ကို 17% နှင့်တိုးတက်နေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အကြီးမားဆုံး ကုမ္ပဏီ (10) ခုမှာ နည်းပညာအခြေပြု ကုမ္ပဏီများက (6) ခုထိပါဝင်ပါတယ်။
► ယနေ့ကမ္ဘာပေါ်မှာ နာမည်ကြီးလုပ်ငန်းများဖြစ်တဲ့ Apple, IBM, Amazon, Microsoft, Google, Intel, eBay, Sony, Amazon, Alibaba, Samsung စတဲ့ ကုမ္ပဏီများဟာလည်း နည်းပညာအခြေပြု စီးပွားရေးလုပ်ငန်းများဖြစ်ပါတယ်။
◙ ဒါ့ကြောင့် စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲနေတဲ့ ယနေ့ခေတ်မှာ လူငယ်အများစု ရွေးချယ်တက်ရောက်လာကြတဲ့ STEM ပညာရပ်တွေဆိုတာ ဘာလဲ ?
◙ ဘွဲ့ရပြီးUS မှာပဲ လုပ်ငန်းခွင်ဝင်ရောက်နိုင်ဖို့ OPT လျှောက်ထားတဲ့အခါ အခြားပညာရပ်ဘွဲ့ရများထက် STEM ပညာရပ်များဖြင့် ဘွဲ့ရထားသူများအနေနဲ့ ဘယ်လိုအားသာချက်တွေရှိမလဲ ?
စတဲ့အကြောင်းအရာတွေအပြင် အမေရိကန်နိုင်ငံမှာ သွားရောက်ပညာသင်ယူဖို့ရည်ရွယ်ထားတဲ့ လူငယ်တွေအနေနဲ့ ပညာရေးအခွင့်အလမ်းတွေ၊ တက္ကသိုလ်ရွေးချယ်မှုလမ်းကြောင်းတွေနဲ့ Scholarship အခွင့်အလမ်းတွေကို အသေးစိတ်သိရှိလိုပါက
နိုင်ငံတကာပညာရေးနှင့်ပတ်သက်ပြီး အတွေ့အကြုံများပြားသော SR Worldwide Education မှ Education Consultant များနှင့် ဖုန်းဖြင့်ဆက်သွယ်၍ဖြစ်စေ၊ message box မှဖြစ်စေ အသေးစိတ်တိုင်ပင်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။
►► Phone : 09 542 8848, 09 514 8848
►► SR Worldwide Education (Head Office)
Room No. 1102, Office Tower 3, Times City Complex, between HanTharWaddy and KyunTaw Road (Opposite Side of Junction Square), Kamayut Township, Yangon.