သြစတြေးလျ

သြစတြေးလျနိုင်ငံသည်လည်း တတိယ ထိပ်တန်းကမ္ဘာ့အဆင့်မှီပညာရေးနိုင်ငံကြီးတစ်နိုင်ငံဖြစ်ပြီး နိုင်ငံတကာမှကျောင်းသားများအများဆုံးရွေးချယ်တက်ရောက်လေ့ရှိပါသည်။ သြစတြေးလျနိုင်ငံရှိ တက္ကသိုလ်ကြီးများသည်လည်း ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၁၀၀ စာရင်းတွင် သြစတြေးလျတက္ကသိုလ်ကျောင်း ၇ ကျောင်းပါဝင်ပါပြီး တက္ကသိုလ်ပညာရေးဖွဲ့စည်းပုံသည်လည်း ကမ္ဘာတွင် နံပါတ် ၈ တွင်ရရှိထားပါသည်။

သြစတြေးလျနိုင်ငံအစိုးရမှ တိုက်ရိုက်ကြီးကြပ်ထားသည့် နိုင်ငံပညာရေးကြောင့် သြစတြေးလျဘွဲ့ရကျောင်းသားကျောင်းသူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာရှိပါသည်။ ထို့အပြင် အစိုးရမှထောက်ပံ့သည့် ပညာရေးထောက်ပံ့ကြေးငွေမြောက်များစွာရှိသည့်အတွက်လည်း သြစတြေးလျနိုင်ငံသည် ရွေးချယ်တက်ရောက်သင့်သည့် နိုင်ငံခြားပညာရေးနိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။