ကနေဒါ

ကနေဒါနိုင်ငံ၏ တက္ကသိုလ်များ၏ ပညာရေးစနစ်သည် နိုင်ငံတကာအဆင့်တန်းမီ အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်းအဖြစ် ရပ်တည်လျက်ရှိပြီး တခြားသောနိုင်ငံများထက် ကျောင်းစရိတ်ပိုမိုသက်သာသောနိုင်ငံတစ်ခုဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်း ကနေဒါနိုင်ငံ၏ College နှင့် University များသို့ နိုင်ငံတကာမှကျောင်းသားပေါင်း ထောင်နှင့်ချီလျက် လာရောက်တက်ရောက်လျက်ရှိပြီး ကနေဒါနိုင်ငံမှပေးအပ်သော Degree များ၊ Certificate များ၊ Diploma များသည် အမေရိကန်နိုင်ငံမှပေးအပ်သော ဘွဲ့Degree များနှင့် Internationally တူညီသည်ဟု ယူဆ ၍ ရပါသည်။

ကနေဒါနိုင်ငံသည် နည်းပညာပိုင်းဆိုင်ရာတိုးတက်မှုတွင် ရှေ့သို့ဦးဆောင်သော နိုင်ငံတစ်ခုဖြစ်ပြီး Computer ပိုင်းဆိုင်ရာများနှင့် နည်းပညာဆိုင်ရာတို့တွင် ကျွမ်းကျင်ပညာရှင်များ ပေါများလျက်ရှိပြီး Telecommunication, Transportation နှင့် Engineering ပိုင်းဆိုင်ရာတို့တွင်လဲ တိုးတက်ကောင်းမွန်ဆုံးအဖြစ် သတ်မှတ်ခြင်းခံထားရပါသည်။

ကနေဒါနိုင်ငံသည် နိုင်ငံတကာကျောင်းသားများအတွက် လာရောက်ရွေးချယ်တက်ရောက်ရန် လုံခြုံမှုအရှိဆုံးနိုင်ငံတစ်ခုဖြစ်ပါသည်။ နိုင်ငံတကာကျောင်းသားများအနေနှင့် ပညာသင်ကြားနေစဉ်တွင် အချိန်ပိုင်းအလုပ်လုပ်ကိုင်ခွင့်ပေးထားပြီး တက္ကသိုလ်ဘွဲ့ရများအတွက် Permanent Resident အဖြစ်နေထိုင်ခွင့်လဲ ရရှိနိုင်ပါသည်။

ထို့အပြင် ကနေဒါနိုင်ငံသည် နိုင်ငံတကာကျောင်းသားများအတွက် တက္ကသိုလ် တက်ရောက်အောင်မြင်ပြီးပါပြီးပါက အလုပ်အကိုင်အခွင့်အလမ်းများလုပ်ကိုင်ခွင့်ကို အများဆုံး၃နှစ်ခန့်အထိ လုပ်ကိုင်ခွင့်ပေးသော တစ်ခုထဲသော နိုင်ငံတစ်ခုဖြစ်ပါသည်။