ဂျပန်

ဂျပန်နိုင်ငံတွင် ပညာသွားရောက်သင်ယူသင့်သည့် အကြောင်းရင်းများမှာ ဂျပန်နိုင်ငံ၏အဆင့်မြင့်ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဂျပန်လူမျိုးတို့၏ အများနှင့်မတူ ဓလေ့ရိုးရာတို့ကြောင့်ဖြစ်ပြီး နိုင်ငံတကာကျောင်းသားကျောင်းသူပေါင်း ၁၅၀,၀၀၀ ကျော်တက်ရောက်ပညာသင်ယူလျက်ရှိပါသည်။ ကျောင်းစရိတ်များမှာလည်း သက်သာသည့်အပြင် ပညာရေးထောက်ပံ့ကြေးငွေများကိုလည်း ဂျပန်နိုင်ငံတွင် ပညာသင်ယူလိုသော နိုင်ငံတကာကျောင်းသားကျောင်းသူများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ အချိန်ပိုင်းအလုပ်များ လုပ်ကိုင်ခွင့်ပေးထားပြီး ဂျပန်နိုင်ငံတွင် ကျောင်းပြီးအောင်မြင်ထားသော နိုင်ငံတကာမှ ကျောင်းသားကျောင်းသူများကိုလည်း ဂျပန်နိုင်ငံရှိ ကုမ္ပဏီကြီးများမှ အလုပ်ခေါ်ယူမူများသည်လည်း အလွန်များပြားလာသည်ဖြစ်သည်။