စင်္ကာပူ

စင်္ကာပူနိုင်ငံသည် အာရှတိုက်တွင်သာတည်ရှိသည့်အတွက် မြန်မာကျောင်းသားကျောင်းသူများအနေဖြင့် အလွယ်တကူသွားရောက်သင်ယူနိုင်ပြီး ပထမဘာသာစကားမှာလည်း အင်္ဂလိပ်စာစြ်သည့်အတွက် အာရှတိုက်ရှိ ပညာရေးနိုင်ငံများတွင် အရွေးချယ်သင့်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ နိုင်ငံတကာမှာကျောင်းသားကျောင်းသူအများအပြား တက်ရောက်လေ့ရှိသည့် စင်္ကာပူနိုင်ငံသည် ကျောင်းသားကျောင်းသူများအတွက် နိုင်ငံခြားပညာသင်ကြားရန် အကောင်းဆုံးမြို့ နံပါတ် ၆ နေရာတွင် ရရှိထားပါသည်။

လူနေမှုအဆင့်အတန်းမြင့်မားသည်သာမက ဒုစရိုက်မှုများသည်လည်း ကမ္ဘာတွင် အနည်းပါးဆုံးဖြစသည့်အတွက်လည်း မြန်မာကျောင်းသားကျောင်းသူများအနေဖြင့် ရွေးချယ်သင့်သည့် အာရှတိုက်တွင်သာရှိ ကမ္ဘာ့အဆင့်မှီပညာရေးနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။