အင်္ဂလန်

ကမ္ဘာ့ပညာရေးနိုင်ငံကြီးများတွင် သက်တမ်းအကြာမြင့်ဆုံး တက္ကသိုလ်ကြီးများရှိသည့် အင်္ဂလန်နိုင်ငံသည် ကမ္ဘာ့ခေါင်းဆောင်များကို ဖွေးထုတ်ပေးသည့် ထိပ်တန်းပညာရေးနိုင်ငံကြီးဖြစ်သည်။ ကျောင်းသားကျောင်းသူများအနေဖြင့်ရှေးဟောင်းအဆောက်အုံတက္ကသိုလ်ကြီးများဖြစ်စေ၊ ခေတ်မှီအဆောကအုံကြီးများ၌ဖြစ်စေ ကျောင်းသားကျောင်းသူများအတွင် ပညာရေးတွင် အထောက်ကူပြုသည့် စက်ကိရိယာများကို ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံထားလျက်လည်း ရှိပါသည်။

အင်ဂျင်နီယာဘာသာရပ်၊သိပ္ပံဘာသာရပ်၊ဒီဇိုင်းပိုင်းဆိုင်ရာနှင့် အနုပညာဘာသာရပ်၊ စီးပွားရေးနှင့် ခန့်ခွဲအုပ်ချုပ်မှုပိုင်းဆို်င်ရာဘာသာရပ်၊ ဥပဒေဘာသာရပ်နှင့် ငွေကြေးစီမံရေးဆိုင်ရာဘာသာရပ်တို့တွင် အလွန်ကောင်းမွန်သည့် ကမ္ဘာ့ပညာရေးအဆင့်မှီနိုင်ငံကြီးဖြစ်သည့်အတွက်လည်း နိုင်ငံတကာမှ ထူးချွန်ထက်မြတ်သော ကျောင်းသားကျောင်းသူများ တက်ရောက်သင်ယူလျက်ရှိပါသည်။