ဂျာမနီနိုင်ငံဟာ ဥရောပမှာ ရရှားပြီးရင် ဒုတိယမြောက်လူဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး စီးပွားရေးအရ အမေရိကန်၊ တရုတ်၊ ဂျပန်တို့ပြီးရင် ကမ္ဘာ့စတုတ္ထအကြီးဆုံး တိုင်းပြည်ဝင်ငွေ GDP (2022) ကိုပိုင်ဆိုင်ထားတဲ့အပြင် ပညာရေးအရလည်း ဥရောပမှာ သွားရောက်ပညာသင်ယူရန် အကောင်းဆုံးနိုင်ငံတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါ့အပြင် အရည်အသွေးကောင်းမွန်တဲ့ ထုတ်ကုန်ပစ္စည်းတွေကြောင့်နာမည်ကျော်ကြားပြီး Mercedes, BMW, Lamborghini, Audi စတာတွေသာမက ကမ္ဘာ့ထိပ်တန်း Brand တစ်ခုဖြစ်တဲ့ Adidas ဟာလည်း ဂျာမန် အမှတ်တံဆိပ် ပစ္စည်းတစ်ခုဖြစ်ပါတယ်။