Pathway Providers

နိုင်ငံတကာ ကျောင်းသား တစ်ယောက် အနေနဲ့ Western Universities တွေမှာ ပညာသင်ကြားဖို့အတွက် ဘာသာစကားအခက်အခဲတွေ ၊ ပညာအရည်အချင်းလိုအပ်ချက်တွေ ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ စတဲ့ အခက်အခဲပေါင်းများစွာ က နိုင်ငံရပ်ခြားမှာ ပညာသွားသင်ဖို့ စိတ်ဝင်စားတဲ့လူငယ်တွေအတွက် အတားအဆီးတစ်ခုအဖြစ်ရပ်တည်လျက်ရှိနေပါသေးတယ်။
အခုဆိုရင်တော့ Pathway Program တွေဟာ ဒီလိုအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် တံတားတစ်ခုအဖြစ် နိုင်ငံတကာကျောင်းသယးတွေ တက်ရောက်ချင်တဲ့တက္ကသိုလ်တွေကို တက်ရောက်နိုင်ဖို့ အတွက် ပေါ်ပေါက်လာပါပြီ။

SR Worldwide Education အနေနဲ့လဲ နိုင်ငံတဝှမ်းက အကောင်းဆုံးသော Pathway Providers တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ထားရှိပြီး မြန်မာကျောင်းသားတွေအနေနဲ့ ကမ္ဘာတစ်ဝှမ်းက ထိပ်တန်းတက္ကသိုလ်တွေဆီတက်ရောက်နိုင်ဖို့ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။