မလေးရှား

မလေးရှားမှာ ပညာသင်ကြားဖို့ရွေးချယ်မယ်ဆိုရင်တော့ ကျောင်းစရိတ်သက်သက်သာသာနဲ့ တက်ရောက်သင်ယူနိုင်ခွင့်တွေရရှိမှာပါ။
ပြီးတော့ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီးတွေ၊ စည်းကမ်းတင်းကျပ်တဲ့ အဖွဲ့အစည်းတွေနဲ့လေ့ကျင့်သင်ကြားပေးတော့ နိုင်ငံတကာကျောင်းသားတွေအတွက် ရွေးချယ်သင့်တဲ့နိုင်ငံတွေထဲက တစ်ခုအပါအဝင်ပါ။
မလေးရှားနိုင်ငံဟာဆိုရင် ပညာရေးပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေအနေနဲ့ တခြားသောနိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး မိတ်ဖတ်တက္ကသိုလ်များစွာ တည်ရှိနေပါတယ်။
နိုင်ငံတကာ တက္ကသိုလ်တွေထဲက အထူးသဖြင့် Australian and British တွေဘက်က တက္ကသိုလ်ကြီးတွေရဲ့ branch campuses တွေဟာ အခုဆိုရင် မလေးရှားနိုင်ငံမှာ ဖွင့်လှစ်ထားလျက်ရှိနေပါပီ။